ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မင်းလှမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၈နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)တွင် လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်ပေါင်ဝဲမြို့၌ အသိပညာပေးဟောပြောပွဲကျင်းပ

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့လည်၂နာရီအချိန်က မြို့နယ်အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်မလွန်အခြေခံပညာအထက်တန်းကျောင်း၌လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူငယ်များကာယ၊ ဉာဏစွမ်းရည်များ မြင့်မားရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးလိမ်မာ၍ အနာဂတ်နိုင်ငံတော် တည်‌ဆောက်ရာတွင်၊ လူတော်လူ‌ကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ပြန်ကြား‌ရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန၊ အခြခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ် တပ်နယ်အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် တပ်နယ်အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကျင်းပသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာသရဖူကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း မဟာပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မူလတန်း အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ TalkShow ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြို့တင်ကာကွယ်ရေးအသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်၊ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက TalkShow ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို

တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ