ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တောင်သာမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

တောင်သာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်သာမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်သာမြို့အနောက်ရပ် အခြေခံပညာ အလယ်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား/သူများ စာပေဗဟုသုတလေ့လာ ဖတ်ရှုနိုင်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးတို့ကို ရည်ရွယ်ပြီး ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂၆) အခြေခံပညာ အထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု ထန်းကုန်း အ.ထ.က (ခွဲ) ကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး ဟောပြောပွဲကျင်းပခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီးမှူး၍(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြို လှုပ်ရှားမှုအဖြစ်ကဗျာရွတ်ဆိုပြိုင်ကို ယနေ့မွန်းလွဲ ၁နာရီအချိန်က ရမည်းသင်းမြို့ ဝါတိုး ရပ်ကွက်အတွင်းရှိ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိ ပညာပေး(Talk Show)ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်‌‌နေ့က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ကလိန်အောင်မြို့တွင် (၇၆) နှစ်မြောက်ပြည်‌ထောင်စုနေ့အကြို အထိမ်းအမှတ်စစ်တုရင်နှင့် Scrabble ပြိုင်ပွဲ ဆောင်ရွက်

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ် သားအတုယူနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့် Scrabble ပြိုင်ပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို နံနက်(၉)နာရီက ကျောက်ဆည်ခရိုင် တံတားဦး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က၊တံတားဦးကျောင်းတွင် ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့(၃)နာရီအချိန်က စာရေးဆရာ ဒေါက်တာ သိန်းလွင်ရေးသားသည့် စိတ်၏ဖိစီးမှုကို လျော့ချနည်းများ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပ

၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကလးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

သဲကုန်းမြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကိုယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ