ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပန်းတောင်းမြို့နယ်ရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြ ဘုတ်တွင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၏ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်ရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ပြသဆောင်ရွက်ထားလျက်ရှိ‌ကြောင်းသိရသည်။

(၇၅)နှစ်မြောက်၊ မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ရုံးရှိ နံရံကပ်ပြဘုတ်တွင် (၁၈-၂-၂၃) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်၊ မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရောင်စုံဓါတ်ပုံများဖြင့် စိတ်ဝင်စားဖွယ် ပြသထားရှိပါသည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ထင်အောင် (ကာယပညာတက္ကသိုလ်၊ ဂျာမဏီ) ရေးသားသည့် ကိုယ်၊ စိတ် ကျန်းမာနည်း (၁၀၀) စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများအား ဖြူးမြို့နယ်တွင် မြေစိုက်နံရံကပ်ပြဘုတ်ဖြင့် ပြသပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံ များအား ပြသပေးထားရာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ပြန်/ဆက်ရုံး မြေစိုက်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပြသဆောင်ရွက်ထားရှိသည်။

ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် တိုင်းရင်းဆေး အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်။

တိုင်းရင်းဆေးပင် ဆေးဝါးများ၏အကျိုးပြု အသုံးဝင်ပုံကို အများပြည်သူသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ တိုင်းရင်းဆေး အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ဧရာဝတီတိုင်ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ ရက် နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအသိပညာပေးဆွေးနွေးပွဲ (Talk   Show) ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                             

နွားထိုးကြီးမြို့နယ် (Community Centre) ခန်းမ၌စာအုပ်စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ ပညာရှင်စိတ်ထား စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ