ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ (Talk Show)ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commynity Centre) ခန်းမ၌ လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ (Talk Show) ကို ယနေ့နံနက်ပိုင်း (၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။

ချမ်းမြသာစည်မြို့နယ်ရုံးတွင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့်စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့်အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် များပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  မုဒိတာစာဖတ်ဝိုင်းကျင်းပ

စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club    ဖြင့် မုဒိတာ စာဖတ် ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့နှင့် ရေးသူ/ဖတ်သူ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက Book Club အဖွဲ့နှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။

(၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံ‌ရေးထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံ‌ရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် အကြောင်းအရာများကို  ပြည်သူများ လေ့လာ သိရှိနိုင်‌စေရန် ယမန်နေ့ည‌နေကပြသခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အမှတ်(၅)သံတံတားရပ်ကွက် ဒေါ်ခင်မြင့်မြင့် စာကြည့်တိုက်ရှေ့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန၌ ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ