ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပျဉ်းမနားမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) တို့ ပူးပေါင်းဆောင်ရွက် သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၌ လူငယ်နှင့်စာရိတ္တအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် (၁၀) နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပခဲ့သည်။

ဒေါပုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ စာပေကိုပိုမိုလေ့လာဖတ်ရှုလာစေရန်နှင့် ဖတ်ရှုပြီးသည့် စာအုပ်စာပေများအား ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်စေရန်အတွက် ယနေ့နံ့နက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်စာမေးပွဲများ ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်စာမေးပွဲများကို တစ်မြို့နယ်လုံး အတိုင်း အတာဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေး Talk Show ပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကိုရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည် တတ်‌စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာကော်မတီတို့ပူးပေါင်း၍ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ် လူထုအခြေပြဗဟိုပြုဌာနတွင် ပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre  )ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်ကစာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                            
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ