ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ထိုးနည်းသင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်က စီစဉ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ထိုးနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အ​ခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အ​ခြေခံအင်္ဂလိပ်စာ Grammer သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြောက်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်သူများနှင့်လူငယ်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုစေနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည်တိုက်ကိုဖွင့်လှစ်၍ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များသို့လည်း စာအုပ်‌စာစောင်များကို လှူဒါန်းဆောင်ရွက်‌ပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရပ်ကွက်စာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အဆင့်မြင့် ပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ပေး

ကျောင်းသား/သူများအား နွေရာသီကျောင်ပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန်၊ ကျောင်းစာအပြင် ဗဟုသုတများတိုးပွားစေရန်၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Community Center ခန်းမ၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းကို ယနေ့နံနက် ၉:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အကြို ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် တပ်မတော်နေ့အကြို ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခဲ့​ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ နွေရာသီကျောင်းပိတ်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်းကာ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း)ရေးသားသည့် “ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့်အခြားကလေးဝတ္ထုတိုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ