ကော့မှူးတွင် လူငယ်နဲ့လူမှုရေး(လူငယ်လမ်းညွှန်ဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ လူငယ်စာပေဝါသနာရှင်များနှင့် လူငယ်စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။