ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပွင့်ဖြူမြို့နယ်တွင် ပြည်သူလူထု အသိပညာတိုးပွားစေရေး Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ Online စနစ်ဖြင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူမှုနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show ) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီခွဲက စာအုပ်၊စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်ထံက သိရသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်ကမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယာဉ်မတော်တဆမှုများကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း လမ်းစည်ကမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ငါ့သရောက်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ ပူးပေါင်းကာ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသောလူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြှုဟိုဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အော်ဂင်တီးသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) တို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီ အချိန်က အော်ဂင်တီးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပုံပြင်ပြော၊ စကားပုံဆက်နှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာပေဖတ်ရှုသည့် အလေ့အထများ ပေါ်ထွန်းလာစေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေးရည်ရွယ်ကာ

ပွင့်ဖြူမြို့နယ်ရုံး လူအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ