ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကရသူရိမြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်ဘုတ်ပြသခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ လူငယ်၊ လူရွယ်များ အသိပညာဗဟု သုတရရှိရေး အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်ဘုတ်ပြသခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့်သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်‌ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်ကို အသုံးချတက်စေရန်ပျော်ပွဲရွှင်များ၊ အားကစားနည်းပညာများဖြင့်တဲ့ စစ်တုရင်ပြိုင်ပွဲနှင့် Scrabble ပြိုင်ပွဲများကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး ယမန်နေ့နံနက် (၁၀)နာရီခွဲက စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် သောကဖြေဆေးရွှေအတွေးစာအုပ် စာဖတ်ဝိုင်းအား ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေမြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧပြီ(၂၄)ရက် မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး သိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာ အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်မျာ ငှားရမ်းပေး

မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ရေနံချောင်းမြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ