ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (Community Centre) ခန်းမ၌ “ကဆုန်လ​​​​​ပြည့်ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာ” အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံသစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  ကဆုန်လပြည့်နေ့အကြောင်း သိ​​ကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်စာပေဆွေးနွေးပွဲ Talk Show ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အနာဂတ်လူငယ်လေးများအသိပညာဗဟုသုတပွားများရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်နှင့်စာပေ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ

အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပသည်။

နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ လောကပါလအသင်းမှ ငွန်ဆိုင်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စုများအား သွားရောက်ထောက်ပံ့

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ လောကပါလအသင်းမှ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ ငွန်ဆိုင်းကျေးရွာ မီးဘေးသင့်အိမ်ခြေ (၄) အိမ်မှ အိမ်ထောင်စု (၅) စုအား ယနေ့နံနက် (၉) နာရီအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့ညနေ (၄) နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သာ ကျေးရွာအုပ်စု၊ မြေပြင်သာ ကျေးရွာ

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Youth Club Book  Club နှင့် Women Clubအဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Youth Club Book Club နှင့် Women Club များ ပြန်လည်ဖွဲ့စည်းခြင်းကိုယမန်နေ့က ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်  ၉ နာရီအချိန်က “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

သရက်မြို့၌ လေဘေးသင့် နေအိမ် (၁၀၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌနမှ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ဧပြီ (၂၂) ရက်နှင့် (၂၃) ရက်ညနေပိုင်းမှ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများမှ ပျက်စီးခဲ့သည့် လူနေအိမ် (၁၀၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းတို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ခြင်း

ကျွန်းစုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများအသင်း (Women Club)နှင့် လူငယ်များအသင်း (Youth Club) ဖွဲ့စည်းခြင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများအသင်း(Women Club)နှင့် လူငယ်များအသင်း (Youth Club)ဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ