ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများတွင် (၅) ဂါလံဆန့် ပလပ်စတစ်ပုံးများနှင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်အသုံးပြုနည်းများ သရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ​ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေကြီးရေလျှံမှုများကြောင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက အလွယ်တကူအသုံးပြုနိုင်ရန် (၅) ဂါလံဆန့် ပလပ်စတစ်ပုံးများနှင့် အသက်ကယ်အင်္ကျီများ အသုံးပြုနည်းများကို ​ယနေ့နံနက် (၉) နာရီက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် မုန်တိုင်းအသိပညာပေး နံရံကပ်စာစောင်ပြသ

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

မြိတ်မြို့၌ မိုးဦးကျကာလနှင့် မုန်တိုင်းအန္တရာယ်တို့ကြောင့် လေပြင်းတိုက်ခတ်၍ သစ်ပင်လဲပြို အန္တရာယ်မဖြစ်စေရေးအတွက် သစ်ပင် အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးဦးကျကာလနှင့် မုန်တိုင်းအန္တရာယ်တို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် သစ်ပင်များလဲပြို အန္တရာယ်မဖြစ်စေရေးအတွက် ယနေ့ နံနက် (၁၀) နာရီက ကန်ဖျားရပ်ကွက် ပိတောက်ပင် လမ်းဆုံအနီးရှိ သစ်ပင်အကိုင်းအခက်များအား တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ငဖဲမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ငဖဲမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

မုန်တိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ​လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများဆောင်ရွက်

မုန်တိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် ​လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ​​အောင်ကိုဦးရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ ပူး ပေါင်း၍( Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၁ နာရီက  ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသ​ကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မေလ ၁၀ ရက်နေ့ ညနေပိုင်းက စာရေးဆရာ ဝတ်ရည်ခင်(ပဲခူး)ရေးသားသည့် "မြန်မာ့မေတ္တာစွမ်းကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ