ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကာယ၊ ဉာဏ ပြပွဲများ၊ ပြိုင်ပွဲများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းအားရက် ကလေးငယ်များ ပျော်ရွှင်စေရန်နှင့် ဉာဏ်ရည်ထက်မြက်သော သားကောင်း၊ သမီးကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီက ပြပွဲနှင့်ပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းစာဖတ်ဝိုင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ချစ်ခိုင်စံ ရေးသားထားသည့် "လူငယ်တွေ တကယ်ညံ့နေသလား" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇွန်လ၅ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီက ပြင်ဦးလွင် ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

ညောင်လေးပင်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က Community Center ခန်းမ၌ စာရေးဆရာအောင်သင်းရေးသားထားသော အားနေသောလက်များစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

တာမွေမြို့နယ်တွင် နှလုံးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော နှလုံးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးTalk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး” အသိပညာပေး  TALK SHOW ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး”အသိပညာပေး TALK SHOW ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ