ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူBook Club အဖွဲ့နှင့် Woman Clubအဖွဲ့များပူးပေါင်းပြီး စာရေးဒေါက်တာခင်မောင်အေး (နှလုံး) ရေးသားသော ‟ လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ကြသည်။

ပခုက္ကူမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် အကြိုအထိမ်းအမှတ် မင်္ဂလာပါ ဗိုလ်ချုပ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်မင်္ဂလာပါဗိုလ်ချုပ်စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ် ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော လူငယ်နှင့်မူးယစ်ဆေးအကြောင်း ကျန်းမာရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အထိမ်းအမှတ်အသိပညာ​ပေး​​​ Talk Show ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယ​မန်နေ့၊ နေ့လယ် ၁ နာရီက အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့ အထိမ်းအမှတ်အသိပညာ​ပေး ​ Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ၊စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာများ(ကလောင်စုံ)၏ လူငယ်များ၏ မိုးကောင်းကင် စာအုပ်မှ ဆရာမနန်းမိုခမ်း၏ ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး နံရံကပ်စာစောင်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်သည်။

ရွှေကျင်မြို့တွင် “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show) ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show)အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

ပုလောမြို့နယ် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ