ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအသိပညာပေး Talk Show ကော့မှူး၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး အသိပညာပေး Talk Show ကို ယ‌နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်ရုံးတွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး​​​ Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့" အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်သူများနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်သူများနှင့် ယမန်နေ့က စာရေးဆရာ နတ်သျှင်၊ ရွှေဂူ ရေးသားသည့် လူငယ်များ၏ ရွှေရောင်မနက်ဖြန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူး၌ စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/သူလေးများအား ပုံပြင်ပြောပြိုင်ပွဲပြုလုပ်ပေး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်တွင် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရရှိလာစေရန်၊ စာပေပိုမိုဖတ်ရှုလာစေရန်၊ စာဖတ်သည့်အလေ့အထ ကောင်းများရရှိလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်း များရရှိ‌စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံး ဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသ စာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့​ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတစ်ဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေး ရည်ရွယ်၍စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သခင်ဘသောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့၌ ကျောင်းသားကလေးသူငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန် ဆေးရောင်ခြယ်၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကလေးသူငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန် ဖိတ်ခေါ်ကျင်းပသည့် ဆေးရောင်ခြယ်၊ ပုံပြောနှင့်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် လူငယ်နှင့်အောင်မြင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ညနေ(၃)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ