ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ ဆွေးနွေးပွဲ သန်လျင်၌ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း Talk Show ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး( Talk Show)ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအခြေုဗဟိုဌာန (community centre)တွင် ယနေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး( Talk Show)ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ နယုန်လပြည့်နေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် နယုန်လပြည့်နေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယ​နေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာ​ပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာ​စေရန် ရည်ရွယ်၍ စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။​

ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ၁၉၆၈၄ ဦး တက်ရောက်ပညာသင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် " က‌လေး သူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေး အထူးအလေးထားရည်ရွယ်လျက် က‌လေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre  )ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်( ၉ ) နာရီအချိန်က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။              

မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများတတိယအသုတ် လွှဲပြောင်းလက်ခံ

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် စုစုပေါင်းအမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃,၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ  တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲကို သယ်ဆောင်လာသည့် World Cargo Airlines မှ လေယာဉ်သည် ယမန်နေ့နံနက် (၁၁ နာရီ ၄၀ မိနစ်)က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ပုလောမြို့နယ်တွင် သုတ/ရသ စာအုပ်စာစောင်များ မိုဘိုင်းစနစ်ဖြင့် ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများထံအရောက် မိုဘိုင်းစနစ်ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ