ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာလူထုစိန်ဝင်း၏ ပထမတန်းစားစိတ်ဓာတ်စာအုပ်မှ “အဆင့်မြင့်လူဖြစ်ဖို့” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေး ခေါင်းစဥ်ဖြင့် (Talk show) ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၊သာကေတမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ယနေ့နံနက် (၁၀:၀၀)နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းကာ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ခေါင်းစဥ်ဖြင့် (Talk Show) ဆွေးနွေးပွဲကို ရိုက်ကူး၍ သာကေတမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် page တွင်လွှင့်တင်ပြီး ပြည်သူများအား Online မှတစ်ဆင့် ကလေးအလုပ်သမားဆိုင်ရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံအား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာအသုံးပြုနိုင်ရေး ကော်မတီအဖွဲ့များဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဇွန်လ ၄ ရက်နေ့၌ ဖွင့်လှစ်လိုက်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံအား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာအသုံးပြုနိုင်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ကျွန်းစုမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်‌ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "အံ့ဩစရာ ရိုးရာဓလေ့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊  စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နေ့လယ် (၁)နာရီအချိန်က စာရေးဆရာအောင်သင်း၏ “အံ့ဩစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အဓိကအခန်းကဏ္ဍ၌ ပါဝင်သော အသေးစားစက်မှု လက်မှု လုပ်ငန်းဉီးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ  ၁ နာရီက ကျင်းပသည်။

ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ လူငယ်စကားဝိုင်းကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲများ၌ လူငယ်စကားဝိုင်းများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌  ဇွန် ၉ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အခမ်းအနားမှူးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် ကလေးသူငယ်တို့ ကာကွယ်ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ (Community Centre)ခန်းမ၌ ကလေးသူငယ်တို့ ကာကွယ်ခေါင်းစဉ်ဖြင့် ကလေးသူငယ် အကြမ်းဖက်မှု ကာကွယ်‌ရေး အသိပညာပေး Talk Showကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ