ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ညောင်ဦးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမှတ် (၇) ဝက်ကြီးအင်းရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းရှိ ရေလှောင်အုတ်ကန်များ၊ စဉ့်အိုးများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ဇွန် ၁၉ ရက်၊ ယနေ့နံ နက် ၁၀ နာရီအချိန်ကဆောင်ရွက်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၃ - ၂၀၂၄ ) ဆက်လက်ဖွင့်လှစ်သင်ကြား

ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ဆက်လက် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community center)တွင် စာရေးဆရာ မင်းဝဿံ(ကြို့ပင်ကောက်)စာပေစေတမန်နှင့် ပူးပါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အွန်လိုင်းအသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဗဟန်း လူထုအခြေပြုဗဟိုဌာန Community Centre ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်းဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး ရသစာပေနှင့်နီးစပ်မှုရှိစေရန်နှင့် စာဖတ် ဝါသနာပါသည့်ဝန်ထမ်းများ ဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်၍ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ (Community Centre)၌ ယနေ့နံနက် ၁၀ နာရီတွင် ဖွင့်လှစ်သည်။

သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှ ရေးသူ၊ ဖတ်သူ  ဆွေးနွေးခြင်း စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှယနေ့နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရေးသူ၊ ဖတ်သူ သုတ/ရသ စာပေ ဆွေးနွေးခြင်း စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သိုးမွှေးချည်ဖြင့် ခေါင်းစည်းကွင်းထိုးနည်း သင်တန်းဖွင့်လှစ်

ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ သိုးမွှေးချည်ဖြင့် ခေါင်းစည်းကွင်းထိုးနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

တမူးမြို့တွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း အသိပညာပေး(Talk Show) ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်​ခြင်း အသိပညာပေး( Talk Show)ကို ယနေ့နံနက်(၉)နာရီအချိန်က တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မူးယစ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ကလေးငယ်များအနေဖြင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ