ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ပြုလုပ်

၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး Talk Show ကို ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီက Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ အိုင်ပီမျိုးအောင် ရေးသားထားသည့် “ဗိဿနိုးမှသည် အလယ်ရိုးမဆီသို့” စာအုပ်ဖြင့် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်   စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

စာရေးဆရာ အိုင်ပီမျိုးအောင် ရေးသားထားသည့် “ဗိဿနိုးမှသည် အလယ်ရိုးမဆီသို့” စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၃း၀၀) နာရီအချိန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ဇမ္ဗူသီရိမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁၄၀) မူလွန် (လက်ပံခါးလှ) ကျောင်း၌ ကျင်းပခဲ့သည်။

ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းသား၊ ကျောင်သူများအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများကို မေလ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံပြီး ကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ကာ သင်ခန်းစာများကို စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာလက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်သည်။

တပ်ကုန်းမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ဌာနလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန်နှင့်စာဖတ်သည့် အလေ့အထများဖြစ်ပေါ်စေရန် ဝန်ထမ်းစာဖတ်ဝိုင်းကို ယနေ့ညနေပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ပြုလုပ်မြဲဖြစ်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ဇွန် ၁၈ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ