ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကျောက်ဆည်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ဆောင်ရွက်

ပဲခူးးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန့်နေ့ နေ့လယ် ၂ နာရီက ရွှေတည်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာ‌ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းရေးသားခြင်းနှင့် ဗီဒီယိုရိုက်ကူးခြင်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်၊မြို့နယ်များတွင် သတင်းလုပ်ငန်းတာဝန်ယူ ဆောင်ရွက်နေသူများ၏ သတင်းရေးသားခြင်း၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည်။

သတင်းရေးသားခြင်းနှင့် ဗီဒီယိုရိုက်ကူးခြင်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် သတင်းလုပ်ငန်းတာဝန်ယူ ဆောင်ရွက်နေသူများ၏ သတင်းရေးသားခြင်း၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာတက်တိုးရေးသားထားသည့် “ဆောင်းပါးအထွေထွေ” စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများလက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမဒေါက်တာမတင်ဝင်း၏ အားပါတဲ့စေတနာစကားများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီ အချိန်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၀န်ထမ်းစွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင် ၁၀ ရက်နံနက် ၁၁ နာရီက ၀န်ထမ်းစွမ်းရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

တနိုင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ဇူလိုင် ၈ ရက်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ