ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကျောက်တံတားမြို့နယ် ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် လူငယ်လူရွယ်များအသိအမြင် ဗဟုသုတများကြွယ်ဝလာပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နေ့လည်(၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များ တွေ့ဆုံ၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော ‟ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။

မြင်းခြံမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲ နည်းသင်တန်းကို ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ အဆိုပါရုံး အစည်းအဝေးခန်းမ၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ အခက်ခဲနှင့် အောင်ပွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူ ကျောင်းသားများ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် စကားပြောစွမ်းရည်များ တိုးတက်ကောင်းမွန်စေရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်(Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ပွဲ ကျင်းပ

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မန္တလေးတိုင်း၊ အမရပူရမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် Good Brother Co.,Ltd မှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျင်းခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာ ညီညီနိုင် မြန်မာပြန်ဆိုရေးသားထားသည့် “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ဘုရင်ဖြစ်မယ့် လက်ညှိုးစာအုပ်ဖြင့်” စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်များ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန် ယနေ့နံနက် ၁ဝ နာရီက စာပေဝါသနာရှင်များ စုပေါင်းပြီး စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် "ဘုရင်ဖြစ်မယ့် လက်ညှိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ