ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

တာမွေမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန်ပြန့်သိရှိပြီး အမှိုက်စိုနှင့အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင် သာယာ‌ရေးကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့၌ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးကျင်းပပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အထက (ကြာနီကန်) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဗဟန်း လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း (၂ /၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး ရသစာပေနှင့် နီးစပ်မှုရှိစေရန်နှင့် စာဖတ်ဝါသနာပါသည့် ဝန်ထမ်းများဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း (၂/၂၀၂၃)ကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။

တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နံရံကပ်ဓာတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် သင်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်၊ ပြည့်သူစာကြည့်တိုက်တွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား /သူလူငယ်များ စာပေနှင့်ထိတွေ့ရာမှ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ သွက်လက်ထက်မြက်သောသူလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ််းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အ.ထ.က(ခွဲ) (၁၃) ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က (ခွဲ) (၁၃) ကျောင်းရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပရာ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစီးအရာရှိ ဦးတင်‌‌မောင်ဝင်းနှင့်၀န်ထမ်းများ၊ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၂၆)အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာ ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော် အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ရေကြီးမြေပြိုမှုများဖြစ်ပွား

မိုးရာသီမိုးများကာလ၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ် မြို့တွင် ဩဂုတ်လ (၉) ရက်၊ ည (၇း၀၀) အချိန်ခန့်က နမ့်ပေါ်ချောင်းရေများ လျှံတက်၍ စွမ်စော်ရပ်ကွက်၊ လမ်းသွယ် (၇) အထိ ချောင်းရေများ လူနေအိမ်များအတွင်း ဝင်ရောက်ခဲ့ကာ နေအိမ်များအတွင်း၌ လူများပိတ်မိခဲ့ကြကြောင်းနှင့် ပန်ခမ်းချောင်းရေများလည်း ပန်းခမ်းကျေးရွာနှင့်တိန်းလုံကျေးရွာတို့တွင် လူနေအိမ်များအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ