ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကသာခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စတုတ္ထအကြိမ်မြောက် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်း များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ညိမ်းညို၏ “ကျင့်ဝတ်လည်ဆွဲမြဲနိုင်ခဲစေ” ရသစာတမ်းဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Web TV ရိုက်ကူး တည်းဖြတ်နည်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်သင်ကြား

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့ရုံးများရှိ ဝန်ထမ်းများအနေဖြင့် အသိပညာပေး Talk Show များ ရိုက်ကူးလွှင့်တင် ဆောင်ရွက်ရာတွင် စနစ်တကျရိုက်ကူး တည်းဖြတ်တတ်ရန်နှင့် သက်ဆိုင်ရာ Talk Show အကြောင်းအရာနှင့် စပ်လျဉ်းသည့် ဗီဒီယိုများအား ရှာဖွေပေါင်းစပ်ကာ အရည်အသွေးရှိသော အသိပညာပေးရုပ်သံ ဗီဒီယိုများအား တီထွင်ဖန်တီးမှုရှိစွာဖြင့် တည်းဖြတ်တတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Web TV ရိုက်ကူးတည်းဖြတ်နည်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့ လူထုအခြေပြုဗဟိုဌာနတွင် Woman Club အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Woman Club ဆန္ဒတူ ဝါသနာတူ အမျိုးသမီးများအဖွဲ့နှင့်ပူးပေါင်း၍ ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်စာပေနှင့် ရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုသူဦးရေတိုးတက် လာစေရေးရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ကရသူရိမြို့၌ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ၊အတတ်ပညာများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိရေး စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ ခင်စောတင့် ရေးသားထားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ကွန်ပျုတာအခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။

ပြည်မြို့ အ.ထ.က(၅)၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပ

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်လူရည်ချွန်များ ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်သော "လူငယ်စကားဝိုင်း" ကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်မြို့အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း "ပညာတံခွန်" ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊‌ ကျောင်းသူများတက်ရောက်သည်။

တောင်တွင်းကြီးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပေးလေးပင်ခန်းမ၌ ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ