ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွား ရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း ၍ ကွင်းဆင်း ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့)ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆေးဘက်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများမှ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့)ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယမန်နေ့ နံနက်၁၀နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက စံရွေးကျေးရွာနှင့်အောက်လက်ပံခုန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာလ (၄) ရက်နေ့ နံနက်(၉)နာရီခွဲက  စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် အ.လ.က(အနောက်ရပ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ 

ကလိန်အောင်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

‌တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဆရာအဆင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများဖြင့်စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းရှိ ပတ္တမြားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် Community Centre ခန်းမ၌ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ စာအုပ်စာဖတ်ဝိုင်းပြုလုပ်

ပုလောမြို့နယ် စာပေချစ်သူများအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျသုခဓမ္မာရုံတွင် ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ