လသာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဗဟိုစံပြခန်းမဆောင်တွင် ကျင်းပခဲ့သည်။