ဥတ္တရသီရိမြို့နယ်၌ “ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရွှေသဇင်ဈေးရှိ ကုန်စုံဆိုင်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။