ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပခုက္ကူမြို့၊ အမှတ် (၁၇) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၁၇) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၌ အမှတ် (၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

မြိတ်မြို့တွင် ကျောင်းသား/ သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ (၂၂)ရက် နံနက်ပိုင်းက အထက(၆)နှင့် အထက(၉) ကျောင်းခန်းမတို့တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များ ပြသပေးသည်။

သာစည်မြို့ အ-ထ-က (၂) ၌ လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၈ နာရီခွဲက သာစည်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်သည်။

ငဖဲမြို့နယ် မင်းလွင်ကျေးရွာ (အ.လ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မင်းလွင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မြို့နယ်ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်၌ ‌ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီတွတ်ပြင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီတွတ်ပြင်ကျောင်းခန်းမတွင် ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေအတွက် ရန်ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး၊ ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းစုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

မြဝတီမြို့ရှိ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ Camnridge(IGCSE) Course, Singapore Math Level(3) 3A & 3B ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား/ကျောင်းသူ လေးများအား နိုင်ငံတကာအခြေခံ သင်္ချာစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ Cambridge(IGCSE) Course, Singapore Math Level(3) 3A & 3B ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်က ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ