ရမည်းသင်းခရိုင်ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ Book Club အသင်းနှင့် အခြေခံ ပညာဦးစီးဌာတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန်အတွက် ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။