ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ဘုတလင်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး၊ မဟာ ဗန္ဓုလအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ် ပထမအကြိမ်မဲစာရင်းကြေညာထားရှိမှုတွင် ပြင်ဆင် ဖြည့်စွက် လျှောက်ထားသူများ စာရင်းပြင်ဆင်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေးရုံးများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိကြေညာထားရှိခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းကြည့်ရှုပြီး သတ်မှတ်ထားသည့် ပုံစံအသီးသီးဖြင့် လျှောက်ထားရာ လွိုင်လင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

နမ့်ဆန်၌ ဆန္ဒမဲပေးစဉ်လုံခြုံချောမွေ့စေရေး မဲရုံအသုံးပြုမည့် လျားထားနေရာများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင် ချောမွေ့စွာကျင်းပနိုင်ရန် မြို့နယ် ကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများနှင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များတို့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လျာထားမဲရုံနေရာများ၏ လိုအပ်ချက်များအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက် များ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ဟိုပန်မြို့၌ နမ့်တိန်ချောင်းရေတက်၍ စိုက်ပျိုးသီးနှံများ ဧက(၁)ထောင်ကျော်ရေကြီး နစ်မြုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ဩဂုတ်လ(၁၉)ရက်နေ့တွင် နမ့်တိန်ချောင်း နှင့်ထိစပ်လျက်ရှိသည့် မန်မိုင်ရပ်ကွက်၊ မန်ကောင်း ရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ကျေးရွာ၊ စံပြကျေးရွာ များရှိ စိုက်ပျိုးသီးနှံ့များ ရေကြီးနစ်မြုပ်မှု များဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး (၁၂၂၈၂) ဧက စိုက်ပျိုးပြီးစီး

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မိုးစပါး စိုက်ပျိုးရာသီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ရွှေဘိုပေါ်ဆန်းစပါး (၁၂၂၈၂) ဧကကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အုတ်ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု (၉၀)ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက် မှု (၉၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

သီပေါမြို့နယ်၌ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်ကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန် အတွက် ပညာပေးသင်တန်းဖွင့်လှစ်

သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (CERP) COVID-19 Economic Relief Plan အရဖွင့်လှစ်သော သိုး၊ ဆိတ်မွေးမြူထုတ်လုပ် သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ဘော်ကြိုကျေးရွာတွင် ဖွင့်လှစ် သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ကျုံ​ပျော်တွင် ​ထောက်ပံ့​ကြေး​ပေးရန် ကိုယ်ဝန်​ဆောင်နှင့် က​လေးငယ် စုစု​ပေါင်း (၄၀၀၀) ကျော် စာရင်း​ကောက်ယူရရှိ

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်ရှိ ကိုယ်ဝန်​ဆောင် မိခင်များအားလုံးနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်​နေ့မှ စတင်​မွေးဖွား​သော က​လေးငယ်များအားလုံးကို ​ထောက်ပံ့​ကြေး​ပေးရန် စာရင်းများ​ ကောက်ယူခဲ့ရာ စုစု​ပေါင်း (၄၀၀၀)ကျော် စာရင်း ရရှိခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေးအတွက် ယာဉ်များအား ပိတ်ဆို့ရှာဖွေခြင်းနှင့် လှည့်ကင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ယမန်နေ့ ည ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးနှင့် ငွေဆောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပုလဲရတနာခန်းမဆောင်သစ် ဆောက်လုပ်မှု ၇၅ ရာနှုန်း ပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍ၌လည်း အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆင်ပေါင်ဝဲ မြို့အခြေခံပညာ အထက်တန်း ‌ကျောင်းတွင် ပုလဲရတနာခန်းမဆောင် တစ်ထပ်အဆောက်အဦသစ် ဆောက်လုပ်လျက်ရှိသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ