ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ယခုလက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ (၂၂) ဦးထိရှိလာ ပြီဖြစ်သဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ကာလအတွင်း Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးအတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြည်သူ့ စာကြည့်တိုက် စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း Lock down ချထားသည့် တိုက်ခန်းများတွင် နေထိုင်သည့် မိသားစု(၂၀၆)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူးများ ကူညီထောက်ပံ့

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ဖြစ်ပေါ် လျက်ရှိရာ အဆိုပါပိုးတွေ့ လူနာများနှင့် ထိတွေ့မှုရှိခဲ့သော အိမ်ထောင်စုများအား အသွား အလာကန့်သတ် Lock Down ပြုလုပ်ထားခဲ့သည်။

နာဂဒေသ၊ လဟယ်မြို့တွင် စောင့်ကြည့်လူ(၁၂)ဦး၏ အာခေါင်၊နှာခေါင်းတို့ပတ်အား မန္တလေးပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယနေ့နံနက် ၅ နာရီအချိန်က စောင့်ကြည့်လူ (၁၂)ဦး ၏ အာခေါင်၊ နှာခေါင်းတို့ဖတ်(Swab)နမူနာများကို ရယူပြီး နံနက် ၈ နာရီခွဲအချိန်တွင် လဟယ်မြို့မှ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံသို့ ပေးပို့ပြီး ဟုမ္မလင်းမြို့မှ မန္တလေးမြို့သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် (Quarantine Center)၌ အသွားအလာကန့်သတ်ထားရှိသူများနှင့် မြို့နယ် ဆေးရုံတွင် ထားရှိသည့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) နမူနာများ ရယူပြီး ဓာတ်ခွဲစစ်ဆေးရန်ပေးပို့

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive)ရှိသူ များနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ထားရှိသည့် အ-ထ-က(၂) Quarantine Center နှင့် မြို့နယ်‌ ဆေးရုံရှိ စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab)နမူနာ များအား ရယူရန် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ ယမန်နေ့ က သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် စည်ပင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းမိသားစုများ အပြင်မထွက်စေရေး ရုံးဝင်းအတွင်း သားငါး၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရည်ရွယ်၍ စည်ပင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းမိသားစုများအား အပြင်မထွက်စေရေး အတွက် ရုံးဝင်းအတွင်း သားငါး၊ ဟင်းသီးဟင်းရွက် နှင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်‌ကျေးရွာရှိ ကွင်းအမှတ် (၅)၊ ဦးပိုင်အမှတ် (၁၄/၁)ရှိ တောင်သူဒေါ်အေးစီ၏ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ Community Based Facility Quarantine Center များအား အဝင် အထွက် စာရင်းများနှင့် စောင့်ကြည့်လူနာများ၏ အခြေအနေများကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်မိုး၊ မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် များမှ Community Based Facility Quarantine Center အဖြစ် ထားရှိ​သော ​နေရာများ၌ အဝင်၊ အထွက်စာရင်း နှင့် စောင့်ကြည့်လူနာများ၏ အ​ခြေ​အနေအား ယမန်နေ့က စစ်​ဆေးခဲ့ပြီး တာဝန်ကျ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ မြို့နယ်ကျန်းမာ​ရေးဝန်ထမ်းများ၊ ​မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုနယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားခဲ့​ကြောင်း သိရ သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ကန့်သတ်စောင်ကြည့်စခန်းနှင့် Lock down ချထားသည့် မိသားစုများ အတွက် ဆန်၊ ဆီများ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ ပေးအပ်ထားသည့် ဆန်နှင့်ဆီများကို လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၂၀)ရပ်ကွက် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းတွင် အသစ် ဖွင့်လှစ်ထားသည့် ကန့်သတ်စောင့်ကြည့်စခန်းနှင့် အလယ်ကျေးရွာတွင် ပိုးတွေ့ လူနာများနှင့် ဆက်စပ်၍ Lock down ချထားရသည့် မိသားစုများအား ဆန်နှင့်ဆီများကို ယမန်နေ့ ညနေ ၅ နာရီက ပေးအပ်လှူဒါန်းသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ