ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် A-G-T-I (တတိယနှစ်) သင်တန်းအား ဖွင့်လှစ်ပို့ချလျက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊စေတီယျရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် A-G-T-I(တတိယနှစ်)သင်တန်းအား မေလ ၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မုဒုံမြို့နယ်ရှိ တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှု

မော်လမြိုင် မေ ၁၃ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မုဒုံမြို့နယ် ဝက်တဲကျေးရွာ ကွင်းအမှတ် (၈၄၅-ခ) ကျိုက်ပက်အရှေ့ကွင်းတွင် တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။ ရှေးဦးစွာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်ဇော်နိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က တစ်မြောင်းတစ်ဘောင် စနစ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ သီးနှံစို

လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ် ခုနစ်လံးပြိုလဲ၍ လူနေအိမ်(၃၉)လုံး အမိုးလန်ပျက်စီး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ ကျေးရွာအချို့တွင် ယမန်နေ့ ညနေ ၂နာရီ၄၅မိနစ်အချိန် ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခုနစ်လုံးပြိုလဲ၍ သီလရှင် တစ်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် (၃၉)လုံး အမိုးများလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်စက်မှုစီးပွားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မွန်ပြည်နယ်စက်မှုစီးပွားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ကျိုက်ဒုံမြို့၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးအတွက် ပျိုးပင်(၅၀၀၀) စိုက်ပျိုးထားရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် လာမည်မိုးရာသီးကာလမှာ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေ စေရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်ပေါင်း(၅၀၀၀)အား စိုက်ပျိုး ထားလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နမ့်ဆီလင်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ထောက်ပံ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ဝေးလံခေါင်သီ၍ သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသား ကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားဆေးမှူးများ ပါဝင်သောအဖွဲ့သည် ဧပြီ ၂၂ ရက်က မုန်းလိုက်ကျေးရွာအုပ်စု၊ နမ့်ဆီလင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံ

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ဒေသ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ မွန်းလွဲ (၁)နာရီက ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့ နံနက်(၇)နာရီက ပုလဲရတနာခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ TRC အဖွဲ့တို့ စာကြည့်တိုက် လုပ်ငန်း အတွေ့အကြုံများ မျှဝေခြင်း အွန်လိုင်းဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ဖြန့်ချိမှုအဖွဲ့ (TRC) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ စာကြည့်တိုက်များ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် စာကြည့်တိုက်တာဝန်ခံတစ်ဦး၏ လုပ်ငန်းအတွေ့အကြုံများအား မျှဝေခြင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့် မရရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ