ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များနှင့် အဓိကသတင်းစကား (၁၀) ချက်ပါ အသိပညာပေးပိုစတာ စိုက်ထူ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်တွင် ကဝမြို့မ အမှတ်(၅)ရပ်ကွက် စမူစာကွေ့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့်အချက်များ နှင့် အဓိကသတင်းစကား (၁၀)ချက်ပါ မြေစိုက်ပိုစတာ စိုက်ထူပွဲကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။