မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန၌ သဘာဝမြေဆွေးမြေဩဇာများ လက်တွေ့ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးခွန်ဖိုး ကြီးကြပ်မှုဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် ပျိုးပင်များ ပျိုးထောင်ရန်အတွက် တောအုပ်ကြီး၊ တောအုပ်နှင့် ဌာနဝန်ထမ်းများ ပူးပေါင်း၍ သဘာဝမြေဆွေးမြေဩဇာများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ (အဝေးသင်သင်တန်း) စတုတ္ထအကြိမ်‌မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၅ ပညာသင်နှစ်တွင် (အဝေးသင်သင်တန်း) စတုတ္ထအကြိမ်‌မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၈) ရက် နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမဆောင်အတွင်း၌ ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့‌ဝေနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘွဲ့ရမောင်မယ်များ၊  မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား စွမ်းရည်မွမ်းမံသင်တန်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး၊ လှုပ်ရှားစိုးမိုးရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား အထူးစစ်နည်းဗျူဟာများပို့ချရန်အတွက် စွမ်းရည်မွမ်းမံသင်တန်း (၁/၂၀၂၆) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၉ နာရီခွဲက အမှတ် (၄၁၅) ၊ ခြေမြန်တပ်ရင်းခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦများအတွက် ကျန်ရှိ‌နေသေးသောပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ဆက်လက်ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ)ရပ်ကွက်၊ ကနောင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက်(၁၈)ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသော ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ထောက်ပံ့ပေးအပ်ခဲ့သည်။

မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများတွင် မီးဘေးအန္တရာယ်ကင်းဝေးရေး လိုက်လံအသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများသို့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ လူငယ်လူရွယ်များ စဥ်းစား‌တွေးခေါ်နိုင်မှုနှင့်ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန်ရည်ရည်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ဖေဖော်ဝါရီ  ၈ ရက် နံနက် ၉ နာရီက မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၌ အစိမ်းရောင်ခရမ်းရှည်သီးမျိုး စိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အနေဖြင့် ဆည်၊ မြောင်းများ ပေါများ၍ နှစ်ပတ်လည် စိုက်ပျိုးရေများရရှိသည့်အတွက် တောင်သူမျးအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်းနှင့် ပင်တလည်ကျေးရွာ တောင်သူဦးဆန်းဝင်း စိုက်ပျိုးထားသော အစိမ်းရောင် ခရမ်းအရှည်သီးမျိုးပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကြက်သွန်နီစိုက်ခင်းများ တူးဖော်လျက်ရှိပြီး တစ်ပိဿာငွေ ၁၇၀၀ ကျပ်ဖြင့်ရောင်းချရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆောင်းသီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်းကြီးကျေးရွာ၌ အချိန်စော၍ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများ တူးဖော်လျက်ရှိပြီး တစ်ပိဿာ ငွေ ၁၇၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း ကြက်သွန်စိုက်တောင်သူ ဦးသန်းဇော်မှ ပြောပြသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ)ရပ်ကွက်၊ ကနောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက  နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး