ကျောက်ဆည်မြို့၌ သီးနှံများ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား စစ်တမ်းကောက်ယူ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ သိရှိစေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများထံ မြေပြင်ကွင်းဆင်းစိစစ်ချက် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။