ကျောက်ဆည်မြို့နယ်၌ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံမျိုးစုံ ၂၄၄၉ ဧကစိုက်ပျိုးပြီးဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေး မြေပဲ၊ နှမ်း၊ နေကြာ သီနှံများစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမျိုးစုံ ၂၄၄၉ ဧက စိုက်ပျိုးပြီးကြောင်းနှင့် ဆီထွက်သီးနှံများ လျာထားချက်ပြည့်မီရေး စိုက်ပျိုးမှုညှိနှိုင်းရေးအဖွဲ့မှတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။