မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောင်ပန်းတောင်းမြို့၌ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မဲရုံများပြင်ဆင်ထားရှိမှုအားကြည့်ရှုစစ်ဆေး
မန္တလေးတိုင်ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဟိန်းဆက်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လိုက်ပါလျက်၊ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၈:၃၀ နာရီက ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိ၍ မဲရုံများ ပြင်ဆင်ထားရှိမှုကို လိုက်လံစစ်ဆေး၍ မြို့နယ်အားကစားခန်းမတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေ သည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။