မဟာအောင်မြေမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်"အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မနော်ရမ္မံညဈေး၊ မနော်ရမ္မံအားကစားကွင်းနှင့် လူစည်းကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။