မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်)က နတ်ပလင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာသို့ ‌ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)က ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းအမွေအနှစ်ဒေသ၌ အိန္ဒိယနိုင်ငံ (ASI) အဖွဲ့က ငလျင်ဒဏ်​​ထိခိုက်ခဲ့သောရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းလျက်ရှိ

အိန္ဒိယနိုင်ငံအစိုးရထောက်ပံ့မှုများဖြင့် Archaeological Survey of India (ASI) အဖွဲ့က ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၃)ခုအား ကြံ့ခိုင်မှုထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း  ၂၀၂၀ ပြည့်နှစ်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် (၉) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် သာစည်-ဘိုကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ဆောင်ရွက်လျက်ရှိသည့် Quick win လုပ်ငန်းဖြစ်သော သာစည်-ဘိုကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ဇန်နဝါရီ ၁၂ ရက်က ဌာနမှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပရေးလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲဆန္ဒရှင် ၁၀၀၀ ဦးနှင့်အထက် မဲရုံများအား ဆန္ဒမဲပေးနိုင်ရေး အဆိုင်းတိုး‌ဆောင်ရွက်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့်စာအုပ် စာစောင်ပြပွဲ ကျင်းပသည်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးအဆောက်အဦအား (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ပြင်ဆင်ပြီး၍ လွှဲပြောင်းပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးအဆောက်အဦအား (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ပြင်ဆင်ပြီး၍ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးထားရှိရာဘုံကွင်းကျေးရွာ တောင်သူဦးမြင့်ကျော် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ပိဿာ ငွေကျပ် ၄၀၀၀ ဖြင့် ရောင်းချရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မိုးကောင်းသောက် ကျေးရွာအုပ်စုများတွင် မိုးကြို၊ မိုး၊ မိုးနှောင်းရာသီများ၌ ချည်မျှင်ဝါများကို အဓိကထားစိုက်ပျိုးကြပြီး မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ပိဿာ ငွေ ၄၀၀၀ ကျပ်ဖြင့် ရောင်းချရသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) မဲရလဒ်များ ထုတ်ပြန်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့က စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ မဲရလဒ်များထုတ်ပြန် ကြေညာခြင်းကို ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီက ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး