မတ္တရာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ အ.ထ.က(မတ္တရာ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။