မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆွေးနွေးပွဲသင်တန်းပို့ချနေမှုများအား ကြည့်ရှု
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ပေါ်တွင် ပြုလုပ်လျက်ရှိသော ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးညှိနှိုင်းဆွေးနွေးပွဲသင်တန်းပို့ချနေမှုများကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ (၁) နာရီက လှည့်လည်ကြည့်ရှုအားပေးသည်။