မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ်၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး 

မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေးအသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ချမ်းအေးငွေစုငွေချေးသမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ချမ်းအေးငွေစုငွေချေးသမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေး ဟောပြောပွဲ၊ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေးဟောပြောပွဲ၊ပြပွဲနှင့်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁နာရီက ကျင်းပသည်။

တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၄၆ ပညာသင်နှစ် အခြေခံပညာထက်၊ လယ်၊ မူ၊ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးရာတွင် ကျောင်းသားကျောင်းသူ  ၃၃၁၂၉ ဦးဖြေဆို

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာထက်၊ လယ်၊ မူ(ကျောင်းတွင်းစစ်)ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီက မြန်မာစာဘာသာအား ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃,၁၂၉ဦး အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်းသိရသည်။

အမရပူရခရိုင်/ မြို့နယ် ဌာနဆိုင်ရာများသို့ ကိုရီးယားနိုင်ငံမှ ဆန်အိတ် ၁၈၄၄ အိတ် လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီရုံး) ၌ ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးငလျင်ဒါဏ်ခံ အမရပူရခရိုင်/ မြို့နယ်ဌာနဆိုင်ရာများသို့ ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့် (40KG) ဆန်အိတ်များ လှူဒါန်းသည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်

ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂ဝ၂၆)ဖွင့်ပွဲအခမ်းအနားကို  ဖေဖော်ဝါရီ ၂ ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၅ မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ သင်တန်းခန်းမဆောင်၌ ကျင်းပသည်။

မန္တ‌လေးတွင် Mobile Lab Van ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဈေးချိုတော်ဈေးရှိ ဈေးဆိုင်များတွင် ခွင့်မပြုသည့်ဆိုးဆေးနှင့် ခွင့်မပြုဓာတုတာရှည်ခံဆေးများ သုံးစွဲခြင်း၊ ရောင်းချခြင်း ရှိ/မရှိ၊ သုံးစွဲရန်မသင့်အလှကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းကို ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းက အဆိုပါ ဈေးချိုတော်တွင် ပြုလုပ်ကြသည်။

မိတ္ထီလာခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့ တက္ကသိုလ်ပေါင်းစုံမှကျောင်းသူကျောင်းသားများ လာရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့  ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက  တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများ လာရောက်လေ့လာသည်။

မတ္တရာမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ် အိမ်မြင့်စံကျေးရွာ”ရွှေအိမ်စံ”စာကြည်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင်စံကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း တို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် သားကောင်းသမီးရတနာများပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား/သူများ နှုတ်မှုစွမ်းရည်နှင့် လူအများအလည် ရဲဝံ့စွာပြောဆိုစေရေး၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက “ ရွှေအိမ်စံ” စာကြည့်တိုက်၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး