မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်တွင် နှစ်ဆုံးတတ်မြောက်မှုစာ‌မေးပွဲများ ဆက်လက်ဖြေဆို

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစာ‌မေးပွဲကို ယနေ့နံနက် ၉ နာရီက သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုကြောင်း သိရသည်။

စဉ့်ကူးမြို့နေပြည်သူများ ဘုရားဖူးမျှော်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့နေပြည်သူများ ဘုရားဖူးမျှော်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက စဉ့်ကူးမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရွှေကူကြီးမြတ်စွာဘုရား ပုရ၀ုဏ်တွင် ပြုလုပ်ခဲ့​သည်။

ပြင်ဦးလွင်မြို့တွင် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၅၊ M Hostel ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊  မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အခြေခံ သမဝါယမအသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ရေကူးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

အမရပူရမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ရေကူးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းရှိ My Pool ရေကူးကန်တွင် ကျင်းပပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

‎‎မဟာအောင်မြေမြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း‌က ကျင်းပပြုလုပ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခရိုင် / မြို့နယ်ပညာရေးမှူးများ လိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်နှင့် မဟာအောင်မြေခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ ကျင်းပနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝးခန်းမတွင် ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ် ကျွန်းခင်းကြီးရေလှောင်တမံအမှတ်(၂)တည်ဆောက်ခြင်း စီမံကိန်းဧရိယာအတွင်း ပါဝင်သော ယာမြေများအတွက် မြေယာလျော်ကြေးနှင့်နှစ်ရှည်ပင် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း တည်ဆောက်မည့် ကျွန်းခင်းကြီးရေလှောင်တမံ အမှတ်(၂)တည်ဆောက်ဆောက်ခြင်း စီမံကိန်းဧရိယာအတွင်း ပါဝင်သောယာမြေများအတွက် မြေယာလျော်ကြေးနှင့် နှစ်ရှည်ပင်လျော်ကြေးပေးအပ်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် စွယ်လှကျေးရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ကျေးရွာတာဝန်ခံများထံ လုပ်ငန်းလွှဲပြောင်းပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မြို့နယ်အတွင်းရှိ ကျေးရွာများ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း စွယ်လှကျေးရွာတို့ရှိ ကျေးရွာရေပေးရေးလုပ်ငန်းများကို ကျေးရွာတာဝန်ခံများထံ လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့သည်။

တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး