မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အခမဲ့ ကပြသီဆိုဖျော်ဖြေ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ့မှ စစ်သည်၊ စစ်သမီးများပါဝင်သည့် အဆိုပါအဖွဲ့သည် ယမန်နေ့ညနေ ၇ နာရီအချိန်က မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့တော်ခန်းမ၌ အခမဲ့ ကပြသီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။