ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲ၊ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲ တက်ရောက်
ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့်သက်ဆိုင်သော ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဌာနအသီးသီးမှဝန်ထမ်းများ တက်ရောက်ကြသည်။