ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများက Video conference စနစ်ဖြင့် တက်ရောက်ကြသည်။