လားရှိုးတွင် လူမှုကူညီရေးအသင်းများထံ ပေးပို့လှူဒါန်းလာသည့် အသုံးအဆောင်ပစ္စည်းများကို ယာယီနေရပ်စွန့်ခွာစခန်းများသို့ သွားရောက်လှူဒါန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားသောတိုက်ပွဲဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံပြည်သူများအတွက် စေတနာရှင် အလှူရှင်များက ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ပရဟိတအဖွဲ့များက အလှူရှင်များကိုယ်စား သွားရောက်ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။