ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲပြုလုပ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။