ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုပေါင်းနေ့လယ်စာ စားပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲတက်ရောက်
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုပေါင်းနေ့လယ်စာစားပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်း ကျောင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။