ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်သည့် အလေ့အထ ရရှိစေရန်၊ စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာ ဗဟုသုတများ မျှဝေတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ကျေးဇူး၏ ဘဝနေတတ်မှုအနုပညာစာအုပ်ဖြင့် ယနေ့ နေ့လည်ပိုင်း အချိန်က Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။