ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့၌ ဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှစ်တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရဲတပ်ဖွဲ့ဝင်များနှင့် အထူးနေ့လယ်စာ စားပွဲတက်ရောက်၊ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စားရိပ်သာခန်းမ၌ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့်တူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြပြီး ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်က ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

ဂွမြို့နယ်၌ Grade-5 နှင့် Grade-9 အတန်းဆုံးစာမေးပွဲကို ဒုတိယနေ့အဖြစ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆို

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-5၊ Grade-9 အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။

တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲများကို ကျင်းပလျက်ရှိရာ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဖြေဆိုလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက “ငွေစာရင်း ထိန်းသိမ်းနည်းလက်စွဲ” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နေ့လယ်  ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ် ခဲ့သည်။

ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ  နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရက်တွင် အာဟာရဒါနများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူသည့်‌နေ့တွင် အာဟာရဒါနများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်စီးပွားရေးဘဏ် ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဝိမလရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက် ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေး ဆက်လက်တိုက်ကျွေးဆောင်ရွက်

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ ဝိမလရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက် ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက  သတ်မှတ်စုရပ်နေရာတွင် လိုက်လံ၍ ဆက်လက်တိုက်ကျွေးပေးခဲ့ကြသည်။ 

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်