ကျောက်ဖြူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၁၁၄၅)ဦး ဝင်ရောက်ဖြေဆို
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၁)ရက်၊ နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(စတုတ္ထနေ့) ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၁၄၅)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။